11:27 PM

(0) Comments

အစမ်း(၅)

Cute Avocado

သစ်သစ်တစ်ယောက် အချိန်လည်းရလို့ ချက်ချင်စိတ်ပေါက်ရင် အဲလိုမျိုးတစ်ယောက်တည်း ဖွယ်ဖွယ်ရာရာလည်း ချက်တတ်သေးတယ် ။ ချက်ပြီးရင်တော့ တစ်ယောက်တည်းမောပြီး မစားနိုင်ဘူးလေ ...။ အဲလိုချက်ရတာ ၀ါသနာကိုပါတယ် ။ ဘယ်ဟာကိုဘယ်လိုချက်ရင် ကောင်းမလဲဆိုတာလည်း အားရင်စဉ်းစားတတ်သေးတယ် ။ သစ် ဒီလိုချက်တယ်ဆိုတာကို သစ်အဖေကမယုံပါဘူး ရန်ကုန်မှာဆို သစ်သစ်က တစ်ခါမှကိုချက်ပြုတ်တတ်တဲ့သူ မဟုတ်ဘူးလေ ။ အချောင်ခိုတာ ဟိဟိ ။ ခုတော့လည်း ကိုယ်ချက်မှကိုယ်စားရမယ်ဆိုတော့ မဖြစ်မနေချက်ရပြီပေါ့ကွယ် ။ အမြဲတမ်းမချက်ပေမယ့် စိတ်ကူးပေါက်ရင် အဲလိုလေးချက်လိုက်ရတာကိုယ်က စိတ်အပန်းဖြေနည်းတစ်မျိုးလို ဖြစ်နေပြန်ရောလေ...။ လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုသလိုပါပဲလေ ...။ လူကသာတစ်ယောက်တည်း ချက်လိုက်ရင်တော့အများကြီးပဲ ပြီးရင်ဗူးတွေနဲ့လည်း ထည့်တတ်သေးတယ် ။ နောက်နေ့ပြန်စားလာဆိုတော့လည်း ကြုံရင်တော့လည်း စားတာပေါ့ ။ မစားချင်ရင်တော့လည်း ၀ဲလိုက်တာများပါတယ် ။ တစ်ယောက်တည်းချက်ရတာ တကယ်တော့လည်း မကိုက်ပါဘူး ပစ်ရတာများတယ်လေ ...။ ဒါပေမယ့် ကိုယ့်ဝါသနာဆိုတော့လည်း ချက်လိုက်ရမှ နေသာထိုင်သာရှိပြန်တယ် ...။ ကိုယ့်ဝါသနာကတစ်ခုကို ချရေးရင်း ပို့စ်လေးတစ်ပုဒ် ဖန်တီးဖြစ်လိုက်တယ် ။

11:27 PM

(0) Comments

အစမ်း(၄)

11:20 PM

(0) Comments

အစမ်း (၃)

Cute Avocado

တနင်္ဂနွေတစ်နေ့လုံး ခံစားမှုတစ်ခုကြောင့် ထိုင်မရ ထမရ ဝေဒနာဖြစ်တယ်လေ .....။ စိတ်ကတိုနေတော့ဘာကို လုပ်ချင်မှန်းမသိဘူး ဒါနဲ့တစ်နေ့လုံးအိပ်လိုက်တယ် ။ နိုးလာတော့လည်း စိတ်ကမပြေသေးဘူး သီချင်းဆိုမယ်ဆိုပြီး ထိုင်ဆိုနေလိုက်တယ် ။ ဆိုပြီးပေါ့ပေါ့ပါးပါးနည်းနည်း ဖြစ်သွားတော့မှ ပုံဟောင်းလေးတွေနဲ့ ဒီလိုလေးလုပ်လိုက်တယ် ။ မကောင်းပေမယ့် အမှတ်တရဖြစ်အောင်လို့ တင်လိုက်ပါတယ် ။

11:18 PM

(0) Comments

အစမ်း (၂)

Cute Avocado

ဒီနေ့ တစ်ခုခုကို ချရေးချင်နေတာ စိတ်ထဲကမအီမသာနဲ့ ဘာတွေဖြစ်နေမှန်းမသိဘူး ။ ဘာနဲ့တူလည်းဆိုတော့ လုပ်စရာတွေက အများကြီးလုပ်ဖို့က အချိန်မရှိတော့ဘူး အဲဒီဖီလင်မျိုး ခံစားနေရတယ် ။ တစ်ခါတစ်လေလည်း ခံစားမှုကနယ်လွန်တတ်သေးတယ် ။ လုပ်ချင်တာက အသိတရားဝင်ရင် အရမ်းများလေ့ရှိတယ် ။ ကောက်ရိုးမီးလိုပါပဲ သစ်သစ်စိတ်က တော်တော်နားလည်ရခက်ပါတယ် ။

11:12 PM

(0) Comments

အစမ်း (၁)

Cute Avocado

ခြောက်သွေ့နေတဲ့ ကိုယ့်ဘ၀ထဲ ခဏအလည်ရောက်နေတဲ့ သူအတွက် ရည်ရွယ်ပါတယ် ။ ရယူလိုခြင်းတစ်ခု အတွက် ခင်တွယ်နေရင် တဖက်ကအရမ်းခံစားရတတ်တယ်လို့ ပြောခဲ့တာကိုသတိရမိလို့ ဒီညဒီသီချင်းလေး တင်ဖြစ်သွားတယ် ....။ မြိုသိပ်ထားတာလည်း ကြာပါပြီ ကိုယ့်ရဲ့ရင်ခုန်သံတွေကို ချမပြတော့တာ ကြာပါပြီ ။ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးသလို ရောက်၇ှိနေတဲ့ အနေအထားလေး ဆုံးရှုံးသွားမှာ ကိုယ်ကြောက်တယ် ။ တစ်နေ့ဆိုတာ မရှိတဲ့ ဒီမျှော်လင့်ချက်တွေ ပျက်စီးပျောက်ဆုံးသွားစေဖို့ ကိုယ်မျှော်လင့်နေမိပြီ ချစ်သူ ။

အားနည်းချက်တွေပြည့်နေတဲ့ ကိုယ့်ကို သံယောဇဉ်ဒီလောက်ရှိပေးတာကပဲ ဘုရားပေးတဲ့ ဆုတစ်ဆုလို့ မှတ်လိုက်ပါတယ် ။ ကျန်းမာပါစေ ပျော်ရွှင်ပါစေ ။ လိုချင်တဲ့နေရာကို အခက်အခဲ အနည်းငယ်နဲ့ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးလိုက်ပါတယ် ။ ဘာလုပ်လုပ်အောင်မြင်မယ်ဆိုတာ ကိုယ်သိသလို ကိုယ်နောက်ကွယ်ကနေပဲ မင်းရဲ့အောင်မြင်မှုတွေကို ဝေမျှပါရစေတော့နော်.....။